Loading...

မု ဒိန်းကောင်ဟုစွတ်စွဲခံထား ရ၍ နစ်နာသူ အကြောပြင်ဆရာကသတင်းစာရှင်း

Loading...

မု ဒိန်းကောင်ဟုစွတ်စွဲခံထားရ၍မြဝတီမြို့နေနစ်နာသူ အကြောပြင် ဆရာက မဟုတ်မှန်ကြောင်းကို သက်သေအထောက်အထားများနှင့် တကွ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ကချင်ပြည်နယ် မြဝတီမြို့ အမှတ်၎ရပ်ကွက် အနန္ဒဂုဏ်ရည်လမ်း တွင်နေထိုင်သူ ထိုင်းပြန်ဆရာဝင်း အကြောပြင်ဆရာ စောဥာဏ်ဝင်း က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲထော်ကျေးရွာရှိ ခရစ်ယာန်အသင်းတော်ခန်းမ၌ နိုဝင်ဘာ ၅ ရက် မွန်းလွဲ၃နာရီချိန်က ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Kyaw Kyaw ( Myayallzar) အကောင့်ပိုင်ရှင်မှ
Face Book မှတဆင့် မတရားစွတ်စွဲရေးသားမှုအပေါ် ကျေနပ်မှုမရှိပါ၍ ရှင်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့ကို မုဒိန်းကောင်ဆိုပြီး သတင်းမှားတွေကို ၁၀ လပိုင်း ၁၇ရက်ကနေဒီနေ့ထိ သူ့အကောင့်ကနေ လိုင်းပေါ်မှာရေးနေပါတယ် ကျွန်တော်လို မြဝတီ တစ်မြို့လုံး သာမက တစ်နိုင်ငံလုံးကပါ သိနေ တဲ့အကြောပညာရှင်ကိုသက်သက်သိက္ခာကျအောင်စော်ကားနေတာပါ သူရေးထားတာတွေက မမှန်ပါဘူး ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့တစ်လွဲတွေပါရပ်တန်းကမရပ်ရင် ဥပဒေကြောင်းအရအရေးယူသွားတော့မယ်လို့ ဒီကနေ တဆင့်ပြောချင်ပါတယ်။

ကျွန်တော့ဖုန်းနဲ့တစ်ကွ သိမ်းယူသွား တဲ့ပစ္စည်းတွေပြန်ပေးစေချင်တယ်။ပြီးတော့ သူအကောင့်ကနေတဆင့်သူရေးတင်တဲ့အကြောင်းအရာတွေသည် မှားယွင်းကြောင်း တောင်းပန် ပေးမှကျေနပ်ပါမယ် “ဟု အကြောပြင်ဆရာ စောဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၆ရက်နေ့ နေ့လည်ပိုင်း က အကြောပြင်ဆရာ၏ ရုံးခန်းသို့ မိန်းကလေးငယ်တစ်ဦး ရောက်လာကြောင်း ယင်းမိန်းကလေးမှ မိန်းကလေးသဘာဝ ဓမ္မတာ မညီညွတ်လို့ ကုသရန်ရောက်လာခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့် စမ်းသပ်ပေးခဲ့ကြောင်း ညနေပိုင်းတွင် နောက်တစ်ကြိမ်တွေ့၍ အကြောပြင် ဆရာဝင်း၏ ကားပေါ်တွင် မိန်းကလေး၏ဗိုက်ကို နှိပ်ပေးပြီး

ကုသနေစဉ် ရုတ်တရက်အနီးရှိစက်ရုံမှ လုံခြံရေးဝန်ထမ်းနှင့် ယခုအကောင့်ပိုင်ရှင် ကျော်ကျော်ဆိုသူ အပါ လူပုဂ္ဂိုလ်အချို့ ရောက်ရှိလာပြီး ဆရာနှင့်မိန်းကလေးငယ်အား အထင်မှားပြီး ဖမ်းဆီး ကာ မြဝတီမြို့သင်္ကကန်းညီနောင်နယ်မြေရဲစခန်းသို့ အပ်ခဲ့ကြောင်း နောက်တစ်နေ့မနက်တွင် မိန်းကလေးငယ်မှ အကြောပြင်ဆရာသည် သူမ၏ ဓမ္မတာမလာသည့် ဝေဒနာသက်သာစေရန် ဗိုက်ကို နှိပ်ပေးသည်မှ အပ အခြားသောမည်သည့်နေရာမှ ကိုင်တွယ်ခြင်း မဖွယ်မရာပြုခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အမှုမဖွင့်လိုကြောင်း ကို သက်သေများ၏ရှေ့တွင် လက်မှတ်ထိုး လက်ဗွေနှိပ်ပြီး ပေးခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

” ကျော်ကျော်တို့အဖွဲ့က ဖမ်းတာပါ ဝိုင်းရိုက်ကြပါတယ် ညနေ ၆နာရီခွဲကနေ ၈နာရီခွဲထိ ကြာပါတယ် ဒီမှာ ဒဏ်ရာတွေ ရှိပါတယ် ပြီးမှရဲအပ်တာပါ “ဟု အကြောပြင်ဆရာက သတင်းစာ ရှင်းလင်းပွဲတွင်အထင်မှား ရိုက်နှက်ခံရပုံကို သတင်းစာရှင်းလင်းပွဲတွင် ဓါတ်ပုံအထောက်အထားများနှင့်တကွ ရှင်းလင်းပြောဆိုခဲ့သည်။

မြဝတီမြို့သင်္ကန်းညီနောင် နယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်ဝင်းသန်း က”အဲဒီ အကြောပြင်ဆရာ ကိစ္စက အမှုမဖွင့် တာမရှိပါဘူး “ဟု နိုဝင်ဘာလ ၆ရက်နေ့လည်ပိုင်း ဖုန်းဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေထားထားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့KYKP အဖွဲ့မှ ရုံး ဆက်ဆံရေးတာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်နိုင် တက်ရောက်လာပြီး ၎င်းက ” ကျော်ကျော်အကောင့်ပိုင်ရှင်က ကိုဥာဏ်ဝင်းကို ကိုဥာဏ်ဝင်းလို့ပဲရေးရမှာ ခုတော့ ကျွန်တော်အဖွဲ့ရဲ့ အမည် KYKP ကိုလည်းထည့်ရေးထားတော့ အဖွဲ့အစည်းပါ သိက္ခာကျရတယ်။ ပြီးတော့ဖြစ်စဉ်ကလည်းအမှားပါ။

စွတ်စွဲပုတ်ခတ်နေတာ အသိသာကြီးပါကောင်မလေးက မဟုတ်မှန်တော့ အမှုမဖွင့်ဘူး ကိုဥာဏ်ဝင်းရဲစခန်းမှာတစ်ညအိပ်လိုက်ရတယ် နစ်နာတာပေါ့ ကိုဥာဏ်ဝင်းက လူကောင်းပါ သူကိုယ်ကျင့်တရားကို ကျွန်တော်တို့ယုံတယ်။ ဒီလိုလူစားမဟုတ်ဘူး ကျွန်တော်ကိုယ်တိုင်စခန်းကနေ ထုတ်ပေးခဲ့တာ အခုလိုမုဒိန်းကောင်ဆိုပြီး ဆက်ရေးတင်နေမယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့ကလည်းမနေဘူး တရားစွဲမယ် “ပြောဆိုသွားသည်။

ထိုင်းပြန်ဆရာဝင်း အကြောပြင်ဆရာ စောဥာဏ်ဝင်းသည် KYKP အဖွဲ့တွင်း ဆေးဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း မြဝတီတွင်မပြုလုပ်ဘဲ သံဖြူဇရပ်တွင် လာလုပ်ခြင်းမှာလည်း ၎င်း၏အဖွဲ့ဝင်များရှိသောကြောင့် လာရောက် လုပ်ခြင်းဖြစ်ကြောင်းသိရသည်။ရွှေမြင့်ဦး( ရွှေပြည်သာ)
၀၉၇၉၅၉၇၂၇၉၆

Loading...