Loading...

အိမ္နဲ႔ျခံကို ဘဏ္မွာအေပါင္ထားၿပီး သဘင္သမားေတြအတြက္ ေငြေခ်းေပးခဲ့တဲ့ ဖိုးခ်စ္

Loading...

ျမန္မာႏိုင္ငံ သဘင္အစည္းအရံုး ဥကၠ႒ျဖစ္တဲ့ မင္းသားဖိုးခ်စ္က သဘင္ေလာကသားေတြအတြက္ ကူညီႏိုင္ဖို႔ သူ႔ရဲ့အိိမ္နဲ႔ျခံကို ဘဏ္မွာ

အေပါင္ထားၿပီး ေငြထုတ္ေခ်းေပးခဲ့တယ္လို႔ သိရပါတယ္။ ဖိုးခ်စ္ရဲ့အေၾကာင္းကို ပတၱျမားေကခိုင္က စန္းေဒးဂ်ာနယ္ရဲ့ အင္တာဗ်ဴးတစ္ခုမွာ

ေျဖဆိုလာတာလည္းျဖစ္ပါတယ္ “ဥကၠဌ ကိုဖုိးခ်စ္က သူ႕အိမ္နဲ႕ ျခံကို ဘဏ္မွာ အေပါင္ထားျပီး သဘင္သမားေတြ အတြက္ ထုတ္ေခ်းေပးခဲ့တယ္။

ေငြရွိလုိ႕မဟုတ္ဘဲ ေငြသုံးမွ ျဖစ္မယ္ဆုိတဲ့ ေနရာကို သူေရာက္သြားလုိ႕ သူ မျဖစ္ျဖစ္ေအာင္လုပ္ခဲ့တယ္။ ေပ်ာ့ေပ်ာ့ေလးနဲ႕တအားဇြဲေကာင္းျပီး

သဘင္သမားေတြ အတြက္ ေပးဆပ္ဖို႕၀န္မေလးတဲ့ ဥကၠဌပါ”။ ဆုိၿပီး သဘင္အစည္းအ႐ုံး ဥကၠဌ”ဖိုးခ်စ္”ကို အာမနာပ ေဝဖန္ေျပာဆိုမႈေတြအေပၚ

ျပန္ၾကားေရးတာဝန္ခံ “ပတၱျမားေကခိုင္” ျပန္လည္ေျဖရွင္းလိုက္တာ ျဖစ္ပါတယ္။ ဖိုးခ်စ္ဟာ သဘင္ေလာကအတြက္ ရိုးသားႀကိဳးစားတယ္လို႔

ေျပာဆိုမႈမ်ားရွိသလို တစ္ဖက္မွာလည္း တစ္ခ်ိဳ႕သဘင္ေလာကသားေတြက ေဝဖန္ေနၾကတာရွိပါတယ္။ ခုေတာ့ ဖိုးခ်စ္ဟာ ဥကၠ႒ရာထူးအတြက္

အသက္အရြယ္ငယ္တာေၾကာင့္ မသင့္ေတာ္ဘူးလို႔ သဘင္အသိုင္းအဝိုင္းတစ္ခုက ေဝဖန္ေျပာဆိုေနၾကပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်တဲ့ မင်းသားဖိုးချစ်က သဘင်လောကသားတွေအတွက် ကူညီနိုင်ဖို့ သူ့ရဲ့အိမ်နဲ့ခြံကို ဘဏ်မှာ

အပေါင်ထားပြီး ငွေထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။ ဖိုးချစ်ရဲ့အကြောင်းကို ပတ္တမြားကေခိုင်က စန်းဒေးဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ

ဖြေဆိုလာတာလည်းဖြစ်ပါတယ် “ဥက္ကဌ ကိုဖိုးချစ်က သူ့အိမ်နဲ့ ခြံကို ဘဏ်မှာ အပေါင်ထားပြီး သဘင်သမားတွေ အတွက် ထုတ်ချေးပေးခဲ့တယ်။

ငွေရှိလို့မဟုတ်ဘဲ ငွေသုံးမှ ဖြစ်မယ်ဆိုတဲ့ နေရာကို သူရောက်သွားလို့ သူ မဖြစ်ဖြစ်အောင်လုပ်ခဲ့တယ်။ ပျော့ပျော့လေးနဲ့တအားဇွဲကောင်းပြီး

သဘင်သမားတွေ အတွက် ပေးဆပ်ဖို့ဝန်မလေးတဲ့ ဥက္ကဌပါ”။ ဆိုပြီး သဘင်အစည်းအရုံး ဥက္ကဌ”ဖိုးချစ်”ကို အာမနာပ ဝေဖန်ပြောဆိုမှုတွေအပေါ်

ပြန်ကြားရေးတာဝန်ခံ “ပတ္တမြားကေခိုင်” ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ ဖိုးချစ်ဟာ သဘင်လောကအတွက် ရိုးသားကြိုးစားတယ်လို့

ပြောဆိုမှုများရှိသလို တစ်ဖက်မှာလည်း တစ်ချို့သဘင်လောကသားတွေက ဝေဖန်နေကြတာရှိပါတယ်။ ခုတော့ ဖိုးချစ်ဟာ ဥက္ကဋ္ဌရာထူးအတွက်

အသက်အရွယ်ငယ်တာကြောင့် မသင့်တော်ဘူးလို့ သဘင်အသိုင်းအဝိုင်းတစ်ခုက ဝေဖန်ပြောဆိုနေကြပါတယ်။ ခရက်ဒစ်

Loading...