Loading...


Loading...




Source: Thi Ha Tun,CRD-Cele Gabar

UNICODE

” အဆိုတော်အားတီကို အချေကြီးချေနေတဲ့ TikTok မှ ဆယ်လီမမများ “
နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်ပြီး R&Bနဲ့Pop သီချင်းတွေကို မြူးမြူးကြွကြွသီဆိုလေ့ရှိတဲ့ အားတီကတော့ ဖေ့စ်ဘွတ်ခ် တစ်ခွင် ပရိသတ်တွေရဲ့ သဘောကြနှစ်သက်ခြင်းခံနေရတဲ့ ဟာသဗီဒီယိုလေးတွေရဲ့ မှုပိုင်ရှင် ဆယ်လီ မမတွေရဲ့ အချေခံနေရတာကို “နောက်ဆုံးတော့ ကောင်မလေးတစ်ယောက် ကို ရှာတွေ့ ခဲ့လေပြီ သူတို့ ၂ယောက်ကို ချစ်ရတာအမော !! Add ထားတာကို လက်မခံဘူး ချေနေတာဗျာ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။

ပရိသတ်တွေကို ဟာဒယရွှင်ဆေး တိုက်လေ့ရှိတဲ့ ဆယ်လီမမတွေကတော့ ဒီတစ်ခေါက်မှာတော့ အားတီရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “ညမွှေးပန်း” သီချင်းတွေကို ဟာသTikTok ဆော့ထားပြီး ပရိသတ်အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်။အားတီကတော့ အနုပညာလောကမှာ သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးရရှိနေသူတစ်ယောက်ပါ။ အားတီရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ရင်ကို ထိစေခဲ့တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာလို့လည်း ဆိုနိုင်ပါတယ်။

ပရိသတ်ကြီးရေအဆိုတော် အားတီကတော့ ဆယ်လီမမတွေကို ချစ်လွန်းလို့ add ထားပေမယ့်လည်း မမတွေကလက်မခံပဲ ချေခြင်းကိုခံနေရပါတယ်တဲ့နော်။

Loading...