Loading...
စာသင်ကျောင်း ဝရန်တာ ပြိုကျသဖြင့် ကျောင်းသူ ကျောင်းသား ၂၃ ဦီး ထိခိုက်
Loading...
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းအထက်တန်းကျောင်း ဝရန်တာ ပြိုကျတာကြောင့် ကျောင်းသူ ကျောင်းသား ၂၃ ဦီး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၈ ရက် နေ့လယ် ၁ နာရီခွဲလောက်က ပြိုကျခဲ့တာဖြစ်ပြီး ဝရန်တာ ပြိုတာကြောင့် ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီမရမ်းကုန်းအထက်တန်းကျောင်းမှာ ကျောင်းကထိန်နဲ့ ကျောင်းဆရာမ နှစ်ဦး နုတ်ဆက်ပွဲ ရှိတာကြောင့် ဝရန်တာမှာ ကျောင်းသူကျောင်းသားတွေ သွားလာမှုများပြီး ကျောင်းဝရန်တာ ပြိုကျခဲ့တာလို့ မွန်ပြည်နယ်လွှတ်တော် သထုံမြို့နယ် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
ဇော်လွင်ထွဋ်
DVB
Unicode
မွွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းအထက်တန်းကျောင်း ဝရန်တာ ပြိုကျတာကြောင့် ကျောင်းသူ ကျောင်းသား ၂၃ ဦီး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိိုမြတ်အောင််က ဒီီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ နိိုဝင်ဘာ ၈ ရက် နေ့လယ် ၁ နာရီခွဲလောက်က ပြိုကျခဲ့တာဖြစ်ပြီး ဝရန်တာ ပြိုတာကြောင့်် ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီီမရမ်းကုန်းအထက်တန်းကျောင်းမှာ ကျောင်းကထိန်နဲ့ ကျောင်းဆရာမ နှစ်ဦး နုတ်ဆက်ပွဲဲ ရှိတာကြောင့် ဝရန်တာမှာ ကျောင်းသူကျောင်းသားတွေ သွားလာမှုများပြီး ကျောင်းဝရန်တာ ပြိုကျခဲ့တာလို့ မွန်ပြည်နယ်လွှတ်တော် သထုံမြို့နယ် ကိိုယ်စားလှယ် ဒေါ်ခိုင်ခိိုင်လဲ့က ပြောပါတယ်။
ထိခိိုက်ဒဏ်ရာရတဲ့ ကျောင်းသူ ကျောင်းသား ၂၃ ဦးထဲမှာ ကျောင်းသား ၂ ဦးဟာ ခြေထောက်နဲ့ လက်ကျိုးခဲ့ပြီး ကျန်ကျောင်းသားတွေကတော့ ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့တာပါ။ လက်ရှိမှာတော့ ဒဏ်ရာ ရရှိခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေကို သထုံဆေးရုံကို ပို့ဆောင်ထားတာပါ။
အခုလို ကျောင်းဝရန်တာ ပြိုကျခဲ့တဲ့ ကျောင်းဆောင်ကိုတော့ အန္တရာယ်ရှိတဲ့ အဆောင်အဖြစ် သတ်မှတ်ထားတာမရှိဘူးလို့ ပညာရေးမှူးက ပြောပါတယ်။
ဒီကျောင်းကိုတော့ ၁၉၇၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ သစ်သား အုတ်ညှပ် နှစ်ထပ် ကျောင်းဆောင် အမျိုးအစား ဖြစ်ပါတယ်။
ဇော်လွင်ထွွဋ််
Loading...