Loading...

သား… ​ေဖႀကီးမနက္ ဖန္ရံုတင္မ ယ့္ ရုပ္ ရွင္ေအာင္ျမင္ေအာင္ဆုေတာင္းေပး ပါဦးဆိုေတာ့ အရင္လိုဆဲမယ့္သူေတြမရွိပါေစနဲ႔တဲ႔

Loading...

သား ကအေဖအေပၚထားတဲ့ ဂ႐ုဏာ

သားႀကီး ကိုႀကီးေသာ္မအိပ္ခင္မွာသူ႔အေမက မီးပူတိုက္ေနပါတယ္။သားငယ္ေလးက အေစာႀကီးကတည္းကအိပ္သြားပါၿပီ။

စမက္ေဒါင္းေတြေဆာ့ၿပီး ေမာပန္းၿပီးအိပ္သြားပုံရတယ္။ကြၽန္ေတာ္ကကိုႀကီးေသာ္ကိုအိပ္ဖို႔ေခၚပါတယ္။ျခင္ေထာင္ထဲဝင္ၿပီးခ်ိန္ သူ႔ေခါင္းအုံးရွိေပမယ့္ ကြၽန္ေတာ့လက္ေမာင္းေပၚလာအိပ္တယ္။

ကြၽန္ေတာ့လက္ေမာင္းက ေအးၿပီးေပ်ာ့ေပ်ာ့အိအိေလးဆိုေတာ့ သူအိပ္လို႔ေကာင္းတယ္တဲ့။အဲ့ဒီအခ်ိန္သူ႔အေမက “သားသား မနက္ျဖန္က်ရင္ပါးပါးရဲ႕႐ုပ္ရွင္ ႐ုံတင္ေတာ့မွာ၊ပါးပါးကရင္ေတြပူေနတာတဲ့

အမ်ားႀကီးေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ဥိီးေလ”လို႔ေျပာေတာ့ကိုႀကီိးေသာ္က”ပါပါး႐ုပ္ရွင္ ေအာင္ျမင္ပါေစ။ အရင္ကလိုဆဲၾကတဲ့လူေတြမရွိပါေစနဲ႔တဲ့”သားသားရဲ႕ဆုေတာင္းစကားကကြၽန္ေတာ့ရင္ကို ထိရွမိပါတယ္။

ကြၽန္ေတာ့ရင္ထဲမွာ စို႔ကနဲ႔ျဖစ္သြားၿပီးသားကိုဖက္ထားလိုက္မိတယ္။သူ႔အေဖကို ဝိုင္းဆဲေနၾကတာမ်ိဳး သူမခံစားႏိုင္ဘူးထင္ပါတယ္။သူ႔ရင္ထဲ အဲ့ဒီအခ်ိန္ကအဲ့ဒီအသိ ရွိေနလိမ့္မယ္လို႔ မထင္ခဲ့ဘူး။

ကေလးတစ္ေယာက္အေနနဲ႔ ပုံမွန္ေဆာ့ကစားေနခဲ့တာမ်ိဳးပဲထင္ခဲ့တာ။သားကိုဖက္ထားေနတုန္းမွာပဲသားမသိေအာင္ရင္ထဲကေန ေျပာလိုက္မိတာက “သားရယ္ ေဖေဖတို႔ဘဝေတြကိုကဝဠ္ေႂကြးႀကီးတာပါ”လို႔။

ကိုေပါက္(၆.၁၁.၁၉)11:37pmေခတၱ လူျပည္

( Unicode )

သား ကအဖေအပေါ်ထားတဲ့ ဂရုဏာ

သားကြီး ကိုကြီးသော်မအိပ်ခင်မှာသူ့အမေက မီးပူတိုက်နေပါတယ်။သားငယ်လေးက အစောကြီးကတည်းကအိပ်သွားပါပြီ။

စမက်ဒေါင်းတွေဆော့ပြီး မောပန်းပြီးအိပ်သွားပုံရတယ်။ကျွန်တော်ကကိုကြီးသော်ကိုအိပ်ဖို့ခေါ်ပါတယ်။ခြင်ထောင်ထဲဝင်ပြီးချိန် သူ့ခေါင်းအုံးရှိပေမယ့် ကျွန်တော့လက်မောင်းပေါ်လာအိပ်တယ်။

ကျွန်တော့လက်မောင်းက အေးပြီးပျော့ပျော့အိအိလေးဆိုတော့ သူအိပ်လို့ကောင်းတယ်တဲ့။အဲ့ဒီအချိန်သူ့အမေက “သားသား မနက်ဖြန်ကျရင်ပါးပါးရဲ့ရုပ်ရှင် ရုံတင်တော့မှာ၊ပါးပါးကရင်တွေပူနေတာတဲ့

အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ဦးလေ”လို့ပြောတော့ကိုကြီးသော်က”ပါပါးရုပ်ရှင် အောင်မြင်ပါစေ။ အရင်ကလိုဆဲကြတဲ့လူတွေမရှိပါစေနဲ့တဲ့”သားသားရဲ့ဆုတောင်းစကားကကျွန်တော့ရင်ကို ထိရှမိပါတယ်။

ကျွန်တော့ရင်ထဲမှာ စို့ကနဲ့ဖြစ်သွားပြီးသားကိုဖက်ထားလိုက်မိတယ်။သူ့အဖေကို ဝိုင်းဆဲနေကြတာမျိုး သူမခံစားနိုင်ဘူးထင်ပါတယ်။သူ့ရင်ထဲ အဲ့ဒီအချိန်ကအဲ့ဒီအသိ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ကလေးတစ်ယောက်အနေနဲ့ ပုံမှန်ဆော့ကစားနေခဲ့တာမျိုးပဲထင်ခဲ့တာ။သားကိုဖက်ထားနေတုန်းမှာပဲသားမသိအောင်ရင်ထဲကနေ ပြောလိုက်မိတာက “သားရယ် ဖေဖေတို့ဘဝတွေကိုကဝဠ်ကြွေးကြီးတာပါ”လို့။

ကိုပေါက်(၆.၁၁.၁၉)11:37pmခေတ္တ လူပြည်

Loading...