Loading...

ျခဴ းစစ္ဟန္ၿပီးတဲ့ေနာက္ ဒီတစ္ပတ္မွာ Myanmar Idol Season (4)ကေန ႏွုတ္ဆက္ထြက္ခြာရမယ့္သူက ဘယ္သူမ်ားျဖစ္မလဲ

Loading...

Myanmar Idol Season (4)ၿပိဳင္ပြဲႀကီးက လက္ရွိအခ်ိန္မွာ တစ္စတစ္စနဲ႔ ယွဥ္ၿပိဳင္မွုေတြ ျပင္းထန္လာၿပီး ပရိသတ္အားေပးမွုကလည္း အေတာ္ကို အေရးပါတဲ့ အေျခအေနတစ္ခုကိုလည္း ေရာက္ရွိေနၿပီျဖစ္ပါတယ္။ၿပီးခဲ့တဲ့ တစ္ပတ္ေအာက္တိုဘာလ(၃၁)ရက္ေန႔ ညမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ Performance Showၿပိဳင္ပြဲမွာေတာ့ ၿပိဳင္ပြဲဝင္(၁၁)ေယာက္စလုံးက ဒိုင္ေတြေရြးခ်ယ္ရခက္ေလာက္ေအာင္ သီဆိုယွဥ္ၿပိဳင္ခဲ့ေပမဲ့လည္း ပရိသတ္ေတြရဲ့ Voting နဲ႔ ေရြးခ်ယ္တာျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမွုကလည္း အေတာ္ေလးကို အေရးပါေနပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္သီဆိုယွဥ္ၿပိဳင္မွုရဲ့ Result Show ပြဲမွာေတာ့ ၿပိဳင္ပြဲဝင္ အက္စတာေဒါ့သ္ခ်င္းဆုန္ က Voting အမ်ားဆုံးရရွိခဲ့ၿပီး ၿပိဳင္ပြဲဝင္ျခဴးစစ္ဟန္ကေတာ့ Voting အနည္းဆုံးနဲ႔ Myanmar Idol Season (4) ကေန ႏွုတ္ဆက္ထြက္ခြာခဲ့ရပါတယ္။ အခုတစ္ပတ္မွာက်န္ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြကေတာ့ Rock သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ရတာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ (၁)ေယာက္ခ်င္းစီရဲ့ သီခ်င္းေရြးခ်ယ္မွုေတြနဲ႔ အမိုက္စားသီဆိုေဖ်ာ္ေျဖမွုေတြကိုလည္း ပရိသတ္ေတြခံစားေတြ႕ျမင္ခဲ့ရမယ္ထင္ပါတယ္။

ဒီတစ္ပတ္ရဲ့ Top (10) Rock week (Performance Show)မွာေတာ့ ၿပိဳင္ပြဲဝင္ေတြကအေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္ခဲ့ေပမဲ့လည္း ၿပိဳင္ပြဲရဲ့ ထုံးစံအရ ၿပိဳင္ပြဲဝင္တစ္ဦးကေတာ့ ႏွုတ္ဆက္ထြက္ခြာရဦးမွာပါ။ကိုယ္အားေပးတဲ့ ၿပိဳင္ပြဲဝင္ႏွုတ္ဆက္ထြက္ခြာျခင္း မထြက္ခြာျခင္းကေတာ့ အားေပးတဲ့ ပရိသတ္အေပၚမွာ မ်ားစြာမူတည္ေနတဲ့အတြက္ ပရိသတ္ေတြက ကိုယ္အားေပးတဲ့ ၿပိဳင္ပြဲဝင္ကို ႏွုတ္ဆက္မထြက္ခြာရေအာင္ အၿပိဳင္အဆိုင္ Voting ေပးေနတာကိုလည္း ေတြ႕ရပါတယ္။ ကဲ ပရိသတ္ႀကီးေရ ဒီတစ္ပတ္မွာ Myanmar Idol ကႏွုတ္ဆက္ထြက္ခြာၿပီး အိမ္ျပန္ရမယ့္ သူက ဘယ္သူျဖစ္မယ္ထင္လဲ။
credit-burmese.asia

( Unicode )

Myanmar Idol Season (4)ပြိုင်ပွဲကြီးက လက်ရှိအချိန်မှာ တစ်စတစ်စနဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး ပရိသတ်အားပေးမှုကလည်း အတော်ကို အရေးပါတဲ့ အခြေအနေတစ်ခုကိုလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်အောက်တိုဘာလ(၃၁)ရက်နေ့ ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ Performance Showပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်(၁၁)ယောက်စလုံးက ဒိုင်တွေရွေးချယ်ရခက်လောက်အောင် သီဆိုယှဉ်ပြိုင်ခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ Voting နဲ့ ရွေးချယ်တာဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကလည်း အတော်လေးကို အရေးပါနေပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်သီဆိုယှဉ်ပြိုင်မှုရဲ့ Result Show ပွဲမှာတော့ ပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုန် က Voting အများဆုံးရရှိခဲ့ပြီး ပြိုင်ပွဲဝင်ခြူးစစ်ဟန်ကတော့ Voting အနည်းဆုံးနဲ့ Myanmar Idol Season (4) ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ အခုတစ်ပတ်မှာကျန်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကတော့ Rock သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲဝင် (၁)ယောက်ချင်းစီရဲ့ သီချင်းရွေးချယ်မှုတွေနဲ့ အမိုက်စားသီဆိုဖျော်ဖြေမှုတွေကိုလည်း ပရိသတ်တွေခံစားတွေ့မြင်ခဲ့ရမယ်ထင်ပါတယ်။

ဒီတစ်ပတ်ရဲ့ Top (10) Rock week (Performance Show)မှာတော့ ပြိုင်ပွဲဝင်တွေကအကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပေမဲ့လည်း ပြိုင်ပွဲရဲ့ ထုံးစံအရ ပြိုင်ပွဲဝင်တစ်ဦးကတော့ နှုတ်ဆက်ထွက်ခွာရဦးမှာပါ။ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်နှုတ်ဆက်ထွက်ခွာခြင်း မထွက်ခွာခြင်းကတော့ အားပေးတဲ့ ပရိသတ်အပေါ်မှာ များစွာမူတည်နေတဲ့အတွက် ပရိသတ်တွေက ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို နှုတ်ဆက်မထွက်ခွာရအောင် အပြိုင်အဆိုင် Voting ပေးနေတာကိုလည်း တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒီတစ်ပတ်မှာ Myanmar Idol ကနှုတ်ဆက်ထွက်ခွာပြီး အိမ်ပြန်ရမယ့် သူက ဘယ်သူဖြစ်မယ်ထင်လဲ။
credit-burmese.asia

Loading...