Loading...

AA က ျပန္လႊတ္ေပးလိုက္သည့္မီးသတ္တပ္ဖြဲ႕၀င္ ၁၈ ဦးတြင္ ၁၁ ဦးသာ ျပန္ေရာက္ရွိ

Loading...

AA က ဖမ္းဆီးျပီး ျပန္လႊတ္ေပးခဲ့သည့္ မီးသတ္တပ္ဖြဲ႔၀င္ ၁၈ ဦးအနက္ ၁၁ ဦးမွာ ႏို၀င္ဘာလ ၇ ရက္ႏွင့္ ၈ ရက္ေန႔တို႔တြင္ ရခိုင္ျပည္နယ္မီးသတ္ဦးစီးဌာနရုံးသို႔ ေရာက္ရွိျပီျဖစ္ေၾကာင္း ျပည္နယ္မီးသတ္ဦးစီးရုံးမွ ယေန႔ သတင္း ထုတ္ျပန္သည္။

ျပန္လည္ေရာက္ရွိလာသည့္ မီးသတ္တပ္ဖြဲ႔၀င္မ်ားမွာ ေသာ္ဇင္၀င္း(၁၈)ႏွစ္၊ နႏၵေက်ာ္(၂၃)ႏွစ္၊ ထက္လင္းထြန္း(၁၉)ႏွစ္၊ ေအာင္ႏိုင္မ်ိဳး(၂၅)ႏွစ္၊ စိုးမင္းသူ(၁၉)ႏွစ္၊ ေဇာ္မင္းထြန္း(၂၀)ႏွစ္၊ ေဇယ်ာေအာင္(၂၃)ႏွစ္၊ ေက်ာ္ရဲလင္း (၂၄)ႏွစ္၊ ေက်ာ္လႈိင္(၂၀)ႏွစ္၊ ၀င္းမင္းထိုက္(၁၉)ႏွစ္ႏွင့္ ထြန္းျမတ္ေက်ာ္ (၂၂)ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။

“တကယ္ေရာက္လို႔ သတင္းထုတ္ျပန္ထားတာပါ။ အဲမွာ တင္ထားတယ္။ မေန႔က ၄ ေယာက္၊ ဒီေန႔ ၇ ေယာက္၊ သတင္းထုတ္ျပန္ခ်က္ထဲကအတိုင္းပဲ။” ဟု ျပည္နယ္မီးသတ္ဦးစီးရုံးက တာ၀န္ရွိသူတစ္ဦးက နိရဥၥရာသို႔ ေျပာသည္။

မီးသတ္တပ္ဖြဲ႔၀င္ ၁၈ ဦးအနက္ ၇ ဦးမွာ ယခုအခ်ိန္ထိ တစ္စံုတရာအဆက္အသြယ္မရရွိေသးေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

မီးသတ္ဦးစီးဌာနရုံးသို႔ မေရာက္ရွိေသးဘဲ က်န္ရွိေနသည့္ မီးသတ္တပ္ဖြဲ႔၀င္ ၇ ဦးမွာ ေအာင္စိုး၀င္း(၂၀)ႏွစ္၊ ကုေဋလင္း(၂၀)ႏွစ္၊ ႏိုင္လင္းထြန္း(၁၈)ႏွစ္၊ ေမာင္က်န္၀င္း(၂၀)ႏွစ္၊ ေဇာ္ႏိုင္ဦး(၁၈)ႏွစ္၊ ကိုစိုးပိုင္(၂၀)ႏွစ္ႏွင့္ ဟိန္းလင္း(၂၀)ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။

မီးသတ္အရာရွိတစ္ဦးအပါအ၀င္ မီးသတ္တပ္ဖြဲ႔၀င္ ၁၉ ဦးသည္ ျပီးခဲ့သည့္ ေအာက္တိုဘာလ ၁၁ ရက္ေန႔က ျပင္ဦးလြင္ျမိဳ႕နယ္ ဇီးပင္ၾကီး ဗဟို၀န္ထမ္းတကၠသိုလ္မွ သင္တန္းဆန္း၍ ေရႊျပည္သစ္ခရီးသည္တင္ကားျဖင့္ ျပန္လာစဥ္ ေျမာက္ဦးျမိဳ႕နယ္အေရာက္တြင္ ရကၡိဳင့္တပ္ေတာ္(AA)၏ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရသည္။

ထို ၁၉ ဦးထဲတြင္ မီးသတ္အရာရွိတစ္ဦးမွာ အေမာေဖာက္၍ ေသဆံုးခဲ့ၿပီး က်န္ ၁၈ ဦးကို ႏို၀င္ဘာလ ၆ ရက္ေန႔ ေန႔လယ္ ၂ နာရီအခ်ိန္က ေျမာက္ဦးျမိဳ႕နယ္၊ လကၠာေက်းရြာအနီးတြင္ နီးစပ္ရာေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မ်ားမွတဆင့္ လႊဲေျပာင္းေပးအပ္ခဲ့သည္ဟု ရကၡိဳင့္တပ္ေတာ္(AA)၏ ျပန္ၾကားေရးတာ၀န္ခံ ခုိင္သုခက နိရဥၥရာက ဆက္သြယ္ေမးျမန္းစဥ္ ေျပာဆုိထားသည္။

ဓာတ္ပံု – ႏုိဝင္ဘာ ၈ ရက္ေန႔က ရခိုင္ျပည္နယ္မီးသတ္ဦးစီးဌာန႐ံုးသုိ႔ ေရာက္ရွိလာသည့္ မီးသတ္တပ္ဖြဲ႕ဝင္အခ်ဳိ႕အား ေတြ႕ရစဥ္။

AA က ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအနက် ၁၁ ဦးမှာ နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိပြီဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးရုံးမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ပြန်လည်ရောက်ရှိလာသည့် မီးသတ်တပ်ဖွဲ့ဝင်များမှာ သော်ဇင်ဝင်း(၁၈)နှစ်၊ နန္ဒကျော်(၂၃)နှစ်၊ ထက်လင်းထွန်း(၁၉)နှစ်၊ အောင်နိုင်မျိုး(၂၅)နှစ်၊ စိုးမင်းသူ(၁၉)နှစ်၊ ဇော်မင်းထွန်း(၂၀)နှစ်၊ ဇေယျာအောင်(၂၃)နှစ်၊ ကျော်ရဲလင်း (၂၄)နှစ်၊ ကျော်လှိုင်(၂၀)နှစ်၊ ဝင်းမင်းထိုက်(၁၉)နှစ်နှင့် ထွန်းမြတ်ကျော် (၂၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“တကယ်ရောက်လို့ သတင်းထုတ်ပြန်ထားတာပါ။ အဲမှာ တင်ထားတယ်။ မနေ့က ၄ ယောက်၊ ဒီနေ့ ၇ ယောက်၊ သတင်းထုတ်ပြန်ချက်ထဲကအတိုင်းပဲ။” ဟု ပြည်နယ်မီးသတ်ဦးစီးရုံးက တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအနက် ၇ ဦးမှာ ယခုအချိန်ထိ တစ်စုံတရာအဆက်အသွယ်မရရှိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးသတ်ဦးစီးဌာနရုံးသို့ မရောက်ရှိသေးဘဲ ကျန်ရှိနေသည့် မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးမှာ အောင်စိုးဝင်း(၂၀)နှစ်၊ ကုဋေလင်း(၂၀)နှစ်၊ နိုင်လင်းထွန်း(၁၈)နှစ်၊ မောင်ကျန်ဝင်း(၂၀)နှစ်၊ ဇော်နိုင်ဦး(၁၈)နှစ်၊ ကိုစိုးပိုင်(၂၀)နှစ်နှင့် ဟိန်းလင်း(၂၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

မီးသတ်အရာရှိတစ်ဦးအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆန်း၍ ရွှေပြည်သစ်ခရီးသည်တင်ကားဖြင့် ပြန်လာစဉ် မြောက်ဦးမြို့နယ်အရောက်တွင် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။

ထို ၁၉ ဦးထဲတွင် မီးသတ်အရာရှိတစ်ဦးမှာ အမောဖောက်၍ သေဆုံးခဲ့ပြီး ကျန် ၁၈ ဦးကို နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးတွင် နီးစပ်ရာကျေးရွာအုပ်ချုပ်ရေးမှူး များမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် ပြောဆိုထားသည်။

ဓာတ်ပုံ – နိုဝင်ဘာ ၈ ရက်နေ့က ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိလာသည့် မီးသတ်တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။

Loading...