Loading...

ပရဟိတအလုပ္ေအာင္ျမင္လာရင္ ေငြေၾကးအရႈပ္အရွင္းကိစၥေတြကို ေစာင့္ထိန္းရမယ္ဆိုတဲ့ပရဟိတမင္းသားၾကီး ေက်ာ္သူ

Loading...

ပရဟိတအလုပ္ေအာင္ျမင္လာရင္ ေငြေၾကးအရႈပ္အရွင္းကိစၥေတြကို ေစာင့္ထိန္းရမယ္ဆိုတဲ့ပရဟိတမင္းသားၾကီး ေက်ာ္သူ

ဦးေက်ာ္သူဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္ၿပီး ေအာင္ျမင္မႈေတြ ရလာတဲ့အခ်ိန္မွာ ေအာက္ေျခမလြတ္ၾကဖို႔ အမွာစကားပါးခဲ့ပါတယ္။ ပရဟိတအလုပ္နဲ႔ ပတ္သက္ၿပီး သတိထားရမွာေတြလည္းရွိတယ္လု႔ိ ဆိုပါတယ္။

ပရဟိတလုပ္ငန္းေတြ ေအာင္ျမင္လာခ်ိန္မွာ ေအာက္ေျခမလြတ္ၾကဖို႔ ဦးေက်ာ္သူက စကားလက္ေဆာင္ပါးခဲ့ပါတယ္။ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူ႔ရဲ႕ အေတြ႕အႀကဳံေတြကို မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေဝမွ် ေျပာျပခဲ့ပါတယ္။

‘’ ကိုယ္က ပရဟိတ လုပ္လာရတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ အႏုပညာလုပ္ငန္း အခ်ိန္တခ်ိဳ႕ဖဲ့ေပးရၿပီ။ ကိုယ္ကူညီတဲ့လူကိုလည္း စိတ္လိုက္မာန္ပါ မေျပာဆိုဖို႔ အေျပာအဆိုက အစ၊ ကိုယ္ႏႈတ္အမူအရာက အစအေရးႀကီးလာၿပီ။ ေအာင္ျမင္မႈဒဏ္ကို ခံႏိုင္ရည္ရွိရမယ္။

ေအာက္ေျခမလြတ္ၾကဖို႔ ငါလုပ္တာ ေအာင္ျမင္ေနတယ္။ ျပည္သူလူထုကလည္း ကိုယ့္ကို အားကိုးေနတယ္ ဆိုၿပီးေတာ့ ေအာက္ေျခလြတ္လို႔ေတာ့ မျဖစ္ဘူး။ ေအာင္ျမင္မႈဒဏ္နဲ႔ ေငြေၾကးအရႈပ္အရွင္းကိစၥေတြကို ေတာ္ေတာ္ေလး ေစာင့္ထိန္းရမယ္’’ လို႔ ဆိုပါတယ္။

ဦးေက်ာ္သူဟာ ပရဟိတလုပ္ငန္းေတြကို စတင္လုပ္ေဆာင္လာတဲ့အခ်ိန္မွာ ပရဟိတအလုပ္ေတြကို လြတ္လြတ္လပ္လပ္ေဆာင္႐ြက္ဖို႔ အခက္အခဲေတြမ်ားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း ေငြေၾကးနဲ႔ ပတ္သက္ၿပီး ျဖစ္ေပၚလာမယ့္ အရာေတြကိုလည္း ေစာင့္ထိန္းရမယ္ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၆ ရက္ေန႔က ဦးစိုင္းေနမ်ိဳးဝင္း ေမြးေန႔ အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

‘’ပရဟိတ လုပ္တယ္ဆိုတာ ကြၽန္ေတာ္တို႔လုပ္တဲ့အခ်ိန္တုန္းကေတာ့ လြတ္လပ္မႈ မရွိဘူး။ ဖမ္းဆီမယ္ဆိုတာေတြ၊ တားဆီးတာေတြ အမ်ိဳးစုံႀကဳံရတယ္။ အခုဆို လြတ္လြတ္လပ္လပ္ လုပ္ႏိုင္တဲ့ ေခတ္ေရာက္လာတဲ့အတြက္ လုပ္ၾကပါ။ ကိုယ့္ကိုယ္ကိုယ္လည္း သတိထားရတယ္။

အလႉေငြေတြရလာလို႔ရွိရင္ ေငြေၾကးေဖာက္ျပန္မႈေတြ မျဖစ္ေအာင္၊ ကိုယ္က ေစာင့္ထိန္းရမယ္။ ဒီေငြေၾကးက အမ်ားအတြက္ သုံးတဲ့အရာ၊ ဒါကို ကိုယ့္အတြက္ သုံးတယ္ဆိုရင္ေတာ့ မေကာင္းတဲ့အရာပဲ’’ လို႔ ဆိုပါတယ္။

အႏုပညာေလာကသားေတြ အေနနဲ႔လည္း ပရဟိတအလုပ္ေတြကို ေဆာင္႐ြက္သင့္တယ္လို႔ ဦးေက်ာ္သူက ေျပာပါတယ္။‘’ အႏုပညာသမားေတြအေနနဲ႔ကေတာ့ အမွန္မွန္ အဓိက လုပ္သင့္တာက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကေန အသင္းအဖြဲ႕တစ္ခုခုထူေထာင္ေပးတယ္ဆို ဒါ အေကာင္းဆုံးပဲ။

ဒါမွ ႐ုပ္ရွင္ေလာကသားေတြ အဆင္ေျပမွာ။ ကြၽန္ေတာ္လည္း ေျပာေပါင္းမ်ားပါၿပီ။ အကယ္ဒမီ ကိစၥဆိုလည္း ကြၽန္ေတာ္ အႀကံေပးတာပဲ ဘာမွ မျဖစ္လာေတာ့ မေျပာေတာ့ဘူးေလ။ ကိုယ္ကေတာ့ ကိုယ္ႏိုင္တဲ့ဘက္ ကိုယ္လုပ္မွာပဲ’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

ေက်ာ္သူဟာ ၁၉၈၄ခုႏွစ္ကစလို႔ “ခ်စ္ႀကိဳးေလးႏွစ္မွ်င္” ဇာတ္ကားနဲ႔ အႏုပညာေလာကထဲေရာက္ရွိလာခဲ့ၿပီး ဇာတ္ကားေပါင္း ၂၀၀ေက်ာ္ ႐ိုက္ကူးခဲ့ကာ အႏုပညာေလာကတြင္ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ခဲ့ပါတယ္။

၁၉၉၄ခုႏွစ္မွာေတာ့ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို “တျပည္သူမေ႐ႊထား” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိခဲ့ၿပီး ၂၀၀၃ခုႏွစ္ မွာေတာ့ အေကာင္းဆုံးဒါ႐ိုက္တာကို ”အေမ့ႏို႔ဖိုး” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိထားသူ ျဖစ္ပါတယ္။

၂၀၀၇ခုႏွစ္ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြရပ္နားခဲ့ၿပီး နာေရးကူညီမႈအသင္း နဲ႔ အတူ ေနာက္ထပ္ ပရဟိတ လုပ္ငန္းမ်ားစြာကိုလည္း တစိုက္မတ္မတ္ လုပ္ေဆာင္လာခဲ့တာ ေတြ႕ရပါတယ္။

အခုခ်ိန္မွာေတာ့ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အတူ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။

( Unicode )

ပရဟိတအလုပ်အောင်မြင်လာရင် ငွေကြေးအရှုပ်အရှင်းကိစ္စတွေကို စောင့်ထိန်းရမယ်ဆိုတဲ့ပရဟိတမင်းသားကြီး ကျော်သူ

ဦးကျော်သူဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီး အောင်မြင်မှုတွေ ရလာတဲ့အချိန်မှာ အောက်ခြေမလွတ်ကြဖို့ အမှာစကားပါးခဲ့ပါတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး သတိထားရမှာတွေလည်းရှိတယ်လု့ိ ဆိုပါတယ်။

ပရဟိတလုပ်ငန်းတွေ အောင်မြင်လာချိန်မှာ အောက်ခြေမလွတ်ကြဖို့ ဦးကျော်သူက စကားလက်ဆောင်ပါးခဲ့ပါတယ်။ ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ အတွေ့အကြုံတွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဝေမျှ ပြောပြခဲ့ပါတယ်။

‘’ ကိုယ်က ပရဟိတ လုပ်လာရတဲ့အချိန်မှာ ကိုယ့်ရဲ့ အနုပညာလုပ်ငန်း အချိန်တချို့ဖဲ့ပေးရပြီ။ ကိုယ်ကူညီတဲ့လူကိုလည်း စိတ်လိုက်မာန်ပါ မပြောဆိုဖို့ အပြောအဆိုက အစ၊ ကိုယ်နှုတ်အမူအရာက အစအရေးကြီးလာပြီ။ အောင်မြင်မှုဒဏ်ကို ခံနိုင်ရည်ရှိရမယ်။

အောက်ခြေမလွတ်ကြဖို့ ငါလုပ်တာ အောင်မြင်နေတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကို အားကိုးနေတယ် ဆိုပြီးတော့ အောက်ခြေလွတ်လို့တော့ မဖြစ်ဘူး။ အောင်မြင်မှုဒဏ်နဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စတွေကို တော်တော်လေး စောင့်ထိန်းရမယ်’’ လို့ ဆိုပါတယ်။

ဦးကျော်သူဟာ ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်လာတဲ့အချိန်မှာ ပရဟိတအလုပ်တွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့ အခက်အခဲတွေများခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ငွေကြေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အရာတွေကိုလည်း စောင့်ထိန်းရမယ်ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က ဦးစိုင်းနေမျိုးဝင်း မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ပရဟိတ လုပ်တယ်ဆိုတာ ကျွန်တော်တို့လုပ်တဲ့အချိန်တုန်းကတော့ လွတ်လပ်မှု မရှိဘူး။ ဖမ်းဆီမယ်ဆိုတာတွေ၊ တားဆီးတာတွေ အမျိုးစုံကြုံရတယ်။ အခုဆို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ ခေတ်ရောက်လာတဲ့အတွက် လုပ်ကြပါ။ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားရတယ်။

အလှူငွေတွေရလာလို့ရှိရင် ငွေကြေးဖောက်ပြန်မှုတွေ မဖြစ်အောင်၊ ကိုယ်က စောင့်ထိန်းရမယ်။ ဒီငွေကြေးက အများအတွက် သုံးတဲ့အရာ၊ ဒါကို ကိုယ့်အတွက် သုံးတယ်ဆိုရင်တော့ မကောင်းတဲ့အရာပဲ’’ လို့ ဆိုပါတယ်။

အနုပညာလောကသားတွေ အနေနဲ့လည်း ပရဟိတအလုပ်တွေကို ဆောင်ရွက်သင့်တယ်လို့ ဦးကျော်သူက ပြောပါတယ်။‘’ အနုပညာသမားတွေအနေနဲ့ကတော့ အမှန်မှန် အဓိက လုပ်သင့်တာက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ အသင်းအဖွဲ့တစ်ခုခုထူထောင်ပေးတယ်ဆို ဒါ အကောင်းဆုံးပဲ။

ဒါမှ ရုပ်ရှင်လောကသားတွေ အဆင်ပြေမှာ။ ကျွန်တော်လည်း ပြောပေါင်းများပါပြီ။ အကယ်ဒမီ ကိစ္စဆိုလည်း ကျွန်တော် အကြံပေးတာပဲ ဘာမှ မဖြစ်လာတော့ မပြောတော့ဘူးလေ။ ကိုယ်ကတော့ ကိုယ်နိုင်တဲ့ဘက် ကိုယ်လုပ်မှာပဲ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ “ချစ်ကြိုးလေးနှစ်မျှင်” ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။

၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ”အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။

အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။

Loading...