Loading...

AIDS နဲ့ ကင် ဆာရောဂါပျောက် တယ်ဆိုပြီး တောင်ဆိတ်ချို နှင့် လိမ်လည်ဆေးကုသသူကို အရေးယူပေးဖို့ တောင်ဆို(ရုပ်သံ)

Loading...

ပြည်သူ့ပေးစာ

ကျိုက်မရောမြို့နယ်တောင်ကလေးကျေးရွာ(မုဒုံ-ချောင်းနှစ်ခွကားလမ်းဘေး) တောင်ကလေးတောင်ခြေရင်းတွင် ဆရာတော်သပိတ်ဖြူထံ (၇)ရက် နေခွင့်တောင်းပြီး လွန်ခဲ့သည့်တစ်လကျော်လောက်က လာရောက်နေထိုင်ဆေးကုသပေးနေသော ဆရာကျော်ကျော်နှင့် အမာခံ ဝန်းရံအားပေးနေကြသည့် ရွာခံဗညားအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးတို့၏ လုပ်ရပ်မှာ မိမိမြို့ ရွာအတွက် အလွန်ပင် အရှက်ရဖွယ်ကောင်းလှပါသည်။

တောင်ဆိတ်ချိုကို အသုံးပြုကာ ကုသပေးနေသော ရွှေ့ပြောင်း ဆရာကျော်ကျော်သည် ယခင်က မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွင် ယခုလို ဆေးကုသပေးနေရာ တပ်မတော် စစစမှ စစ်ဆေးသည့်အတွက် လွန်ခဲ့သည့် တစ်လကေိာ်ကမှ တောင်ကလေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ဆရာသည် AIDS ရောဂါ ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ စသည့် မည်သို့မျှ ပျောက်ကင်းနိုင်ခြင်းမရှိသည့် ရောဂါတို့ကို ပျောက်ကင်းအောင်ကုသပေးနိုင်သည်ဟုဆိုကာ Facebook Live လွှင့်ပေးသူ ဗညား၏ အပြောကောင်းကောင်းမှုကြောင့် ရောဂါပျောက်ချင်ဇောဖြင့် ထိုင်းနယ်စပ်မှ မွန်များနှင့် ရပ်နီးရပ်ဝေးမှ လူမျိုးပေါင်းစုံ လာရောက်ဆေးကုသရာတွင် အခမဲ့ဟုဆိုကာ ရောဂါအမျိုးအစားပေါ်မူတည်ပြီး ၂၀၀၀၀ကျပ်မှ ၄၀၀၀၀ကျပ် ၊ ၆၀၀၀၀ကျပ် စသည်ဖြင့် တောင်းခံယူနေပါသည်။

ဆရာကျော်ကျော်ထံ ဆေးကုသဖူးသော ရောဂါသည်များသည် တောင်ဆိတ်ချိုဖြင့် အထိုးခံရသည့်ဒဏ်ရာကြောင့် အချို့က ဆေးရုံတက်ဆေးကုသနေရသလို အချို့က သူတိုက်သည့်ဆေးကြောင့် ဝမ်းလျှောကြရပြီး လူနာအများစုမှာ နောက်တကြိမ်ထပ်မံမသွားလိုကြသဖြင့် ရောဂါ မသက်သာလည်းပဲ သက်သာကြောင်း ပြောကြရပါသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့က ကြောထောက်နောက်ခံပေးထားသဖြင့် ယခုလို လိမ်စားနေသည်ကို ရွာခံများသိပါလျက် တစုံတရာ တားမြစ်ပိုင်ခွင့်မရှိကြပါ။

သို့ပါ၍ ယခုလို လိမ်လည်ဆေးကုသ အခကြေးငွေယူဆောင်နေသော ဆေးဆရာ ဦးကျော်ကျော်အား သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့တို့ သိရှိအရေးယူပေးနိုင်စေရန် တင်ပြအပ်ပါသည်။

Posted by Zin Moe on Friday, November 8, 2019

ရွာခံများ

ကျိုက်မရော/မုဒုံသတင်းစုံ

Unicode

ပြည်သူ့ပေးစာ

ကျိုက်မရောမြို့နယ််တောင်ကလေးကျေးရွာ(မုဒုံ-ချောင်းနှစ်ခွကားလမ်းဘေး) တောင်ကလေးတောင််ခြေရင်းတွင် ဆရာတော်သပိတ်ဖြူထံ (၇)ရက် နေခွင့်တောင်းပြီး လွန်ခဲ့သည့်တစ်လကျော််လောက်က လာရောက်နေထိုင်ဆေးကုသပေးနေသော ဆရာကျော်ကျော်နှင့် အမာခံ ဝန်းရံအားပေးနေကြသည့် ရွာခံဗညားအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးတို့၏ လုပ်ရပ်မှာ မိမိမြို့ ရွာအတွက် အလွန်ပင် အရှက်ရဖွယ်ကောင်းလှပါသည်။

တောင်ဆိိတ်ချိုကို အသုံးပြုကာ ကုသပေးနေသော ရွှေ့ပြောင်း ဆရာကျော်ကျော်သည် ယခင်က မော်လမြိ်ုင်မြို့နယ် ဖားအောက်ကျေးရွာတွင် ယခုလို ဆေးကုသပေးနေရာ တပ်မတော် စစစမှ စစ်ဆေးသည့်အတွက် လွန်ခဲ့သည့် တစ်လကေိာ်ကမှ တောင်ကလေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိိုပါ ဆရာသည် AIDS ရောဂါ ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ စသည့် မည်သို့မျှ ပျောက်ကင်းနိုင်ခြင်းမရှိသည့် ရောဂါတို့ကို ပျောက်ကင်းအောင်ကုသပေးနိုင်သည်ဟုဆိုကာ Facebook Live လွှင့််ပေးသူ ဗညား၏ အပြောကောင်းကောင်းမှုကြောင့် ရောဂါပျောက်ချင်ဇောဖြင့် ထိုင်းနယ်စပ်မှ မွန်များနှှင့် ရပ်နီးရပ်ဝေးမှ လူမျိုးပေါင်းစုံ လာရောက်ဆေးကုသရာတွင် အခမဲ့ဟုဆိုကာ ရောဂါအမျိူးအစားပေါ်မူတည်ပြီး ၂၀၀၀၀ကျပ်မှ ၄၀၀၀၀ကျပ် ၊ ၆၀၀၀၀ကျပ် စသည်ဖြင့် တောင်းခံယူနေပါသည်။

ဆရာကျော်ကျော််ထံ ဆေးကုသဖူးသော ရောဂါသည်များသည် တောင်ဆိတ်ချိုဖြင့် အထိုးခံရသည့်ဒဏ်ရာကြောင့် အချို့က ဆေးရုံတက်ဆေးကုသနေရသလို အချို့က သူတိုက်သည့်ဆေးကြောင့် ဝမ်းလျှောကြရပြီး လူနာအများစုုမှာ နောက်တကြိမ်ထပ်မံမသွားလိုကြသဖြင့် ရောဂါ မသက်သာလည်းပဲ သက်သာကြောင်း ပြောကြရပါသည်။

ထိို့အပြင် လက်နက်ကိုင်အဖွဲ့က ကြောထောက်နောက်ခံပေးထားသဖြင့် ယခုလို လိမ်စားနေသည်ကို ရွာခံများသိပါလျက် တစုံတရာ တားမြစ်ပိုင်ခွင့်မရှိကြပါ။

သို့ပါ၍ ယခုလိို လိမ်လည်ဆေးကုသ အခကြေးငွေယူဆောင်နေသော ဆေးဆရာ ဦးကျော်ကျော်အား သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မွန််ပြည်နယ်အစိုးရအဖွဲ့တို့ သိရှိအရေးယူပေးနိုင်စေရန် တင်ပြအပ်ပါသည်။

ရွာခံများ

ကျိုက်မရော/မုဒုံ ံသတင်းစုံ

Loading...