Loading...

မိဘတွေကို မီးလောင်ရာကလွတ်မြောက်ရာသို့အရင်ကယ်တင်နိုင်ပေမယ့် ကိုယ်တိုင်မီးထဲပါသွားခဲ့တဲ့ တီဗီအစီအစဉ်တင်ဆက်သူ

Loading...









(၂၆) နှစ်အရွယ် သတင်း တင်ဆက်သူ Zeng Yingxin ဟာ မီးလောင်နေချိန်မှာ လွတ်မြောက်နိုင်ပေမဲ့ သူမရဲ့ မိဘတွေကို အရင် ကယ်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူမဟာ မိဘတွေနဲ့ အတူ ဟောင်ကောင်မြို့က တိုက်ခန်း (၉) ထပ်မှာ နေထိုင်တာပါ။

သူတို့ရဲ့ အိမ်ဟာ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၄) နာရီခန့်မှာ မီးလောင်ခဲ့ပြီး၊ သူမရဲ့ မိဘနှစ်ပါး လွတ်မြောက်သွားခဲ့ပေမဲ့ သူ သေသွားခဲ့ပါတယ်။သူတို့ရဲ့အိမ်မှာ မီးလောင်မှု ဖြစ်ပွာပြီး (၅) မိနစ် အကြာမှာ မီးသတ်သမားတွေ ရောက်လာခဲ့ပေမဲ့လည်း မီးက ထိန်းချုပ်လို့ မရလောက်အောင်ကို ဆိုးရွားခဲ့ပါတယ်။

Zeng ဟာ ကိုယ်လွတ်ရုန်းမယ်ဆိုရင်တော့ လွတ်မြောက်သွားနိုင်မှာ ဖြစ်ပေမဲ့ သူ့ရဲ့ မိဘ နှစ်ပါးကို အရင် သွားကယ်ခဲ့တာပါ။ သူဟာ မိဘနှစ်ပါးကို အရင် ကယ်ပြီးနောက် သူမရဲ့ အခန်းကို ပြန်သွားတဲ့ အချိန်မှာ မီးလောင်ပြီး သေဆုံးသွားခဲ့ပါတယ်။

WorldofBuzz သတင်းက သူမရဲ့ မိဘနှစ်ပါးဟာ လွတ်မြောက်သွားခဲ့ပြီး၊ မိသတ်သမားတွေက သူမရဲ့ မိဘနှစ်ပါးကို ကယ်ထုတ်သွားတယ်လို့ ဖော်ပြသွားပါတယ်။ မီးသတ်သမားတွေဟာ Zeng ကို ကယ်ဖို့ သူမရဲ့ အခန်းကို သွားတဲ့ အချိန်မှာ အလွန် နောက်ကျသွားခဲ့ပါတယ်။

သူတို့ဟာ သူမရဲ့ အခန်းထဲကို ရောက်သွားတဲ့ အချိန်မှာ မီးလောင်ခံရပြီး သေနေတဲ့ သူမရဲ့ ခန္စကိုယ်ကိုသာ တွေ့ရှိသွားခဲ့ပါတယ်။သူ့ရဲ့ မိဘနှစ်ပါးဟာ ဒဏ်ရာ အသေးစာ ရခဲ့ကြပြီး၊ မီးခိုးတွေကို အလွန် ရှုသွင်းခဲ့ရတာကြောင့် ဆေးရုံပို့ခဲ့ကြပါတယ်။

Zeng ဟာ တီဗီ အစီအစဉ် တစ်ခုမှာ ပါဝင်နေတဲ့ သူ ဖြစ်ပြီး၊ သူမရဲ့ ရိုးသားမှုကြောင့် လူကြိုက် အလွန် များပါတယ်။ စင်ကာပူနိုင်ငံသူ/သားတွေဟာ သူမ သေဆုံးသွားတာကို သိသွားတော့ အလွန် ကြေကွဲခဲ့ကြပါတယ်။ လက်ရှိမှာက ဘာကြောင့် မီးလောင်ခဲ့တာလဲ ဆိုတာ စုံစမ်းနေဆဲပါပဲ။

Ko Khant ( D Nae Khit Media )

ယခုသတင်းသည် ဒီနေ့ခေတ် မီဒီယာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်

Loading...