Loading...

ျမန္မာေတြ သိကၡာက်ခဲ့ရျပီ

Loading...

ထိုင္းနိုင္ငံ မဲေဆာက္ျမိဳ႕အတြင္း ျပည္သူပိုင္လမ္းမေပၚ ကြမ္းတံေတြးေထြးလိုက္တာ ထိုင္းစည္ပင္က ဖမ္းမိလို႔ ဘတ္ေငြ ၂၀၀၀ ဒဏ္ရိုက္လုိက္္ပါတယ္။

ဒီသတင္းဟာ ထိုင္းသတင္းစာမ်က္ႏွာမ်ားနဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမ်ားေပၚမွာ စည္းကမ္းမရွိတဲ့ ျမန္မာလူမ်ိဳးဆိုျပီး တဟုန္ထိုး နာမည္ၾကီးလာပါတယ္။

စည္းမဲ့ကမ္းမဲ့လူတစ္ဦးေၾကာင့္ မိမိတို့ျမန္မာလူမ်ိဳးမ်ား သိကၡာက်ဆင္းခဲ့ရပါျပီ။တစ္ဆက္တည္းမွာပဲ ဆက္စပ္တဲ့သတင္းတစ္ခုကို ျပန္ေျပာျပခ်င္ပါတယ္။ ၂၀၀၉ ခုႏွစ္ေလာက္မွာ

​ေဖ့စ္ဘုတ္စတင္နာမည္ၾကီးလာတဲ့အခ်ိန္ကပါ။ အေမရိကန္ႏုိင္ငံမွ အမ်ားျပည္သူအတြက္ ဖြင့္လစ္ထားတဲ့ ဆိုင္ၾကီးတစ္ခုမွာ ” ျမန္မာမ်ား မလာရ” ဆိုျပီး ဆိုင္းဘုတ္တစ္ခု ေရးထားပါတယ္။

အဲဒီဆုိင္းဘုတ္ကိုျမင္ရေတာ့ ျမန္မာေတြက ေဒါသထြက္ၾကျပီး ဒါလူ့အခြင့္အေရးခ်ိဳးေဖာက္တာပဲဆိုျပီး ဆိုင္ရွင္နဲ့ ရွင္းၾကပါတယ္။ အရင္းစစ္ၾကည့္လိုက္ေတာ့ အဲဒီဆိုင္းဘုတ္ကို ေရးတင္ထားသူဟာ ဆိုင္ရဲ့သန့္ရွင္းေရး၀န္ထမ္းတစ္ဦး ျဖစ္ေနပါတယ္။

ဘာ့ေၾကာင့္ဒီလိုေရးရသလဲလို့ေမးလိုုက္ေတာ့ အိမ္သာ၊ ေရးခ်ိဳးခန္း၊ အမွိဳက္ပံုတုိ့မွာ တံေထြးအနီေရာင္ေတြ မၾကာခဏေပက်ံေနလို့ ဘယ္သူလုပ္တာလဲ ေစာင့္ၾကည့္ေတာ့ ျမန္မာေတြ ျဖစ္ေနတာကို ေတြ့ရပါတယ္။

တစ္ဦးတည္းတစ္ေယာက္တည္းမကပဲ ျမန္မာအေတာ္ေတာ္မ်ားမ်ားက ဒီလိုေထြးေနတာကို ေတြ့ခဲ့ရလို့ ျမန္မာလူမ်ိဳးေတြ စည္းကမ္းမရွိလို့ မလာေအာင္ ေရးလိုက္တာတဲ့။

ကဲ အခုေတာ့ ကမၻာ့အလယ္မွာ ျမန္မာေတြဟာ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းရတဲ့အျဖစ္မ်ိဳး ၾကံဳခဲ့ရျပီေလ။ ဘယ္ေလာက္ရွက္ဖို့ေကာင္းသလဲ။

ျမန္မာလူမ်ိဳးမ်ား ေရာက္တဲ့ေနရာတိုင္းမွာ ကိုယ့္စည္းကုိယ့္ကမ္းနဲ့ကိုယ္ ေနထိုင္ႏိုင္ၾကဖို့ တိုက္တြန္းအပ္ပါတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း ပြည်သူပိုင်လမ်းမပေါ် ကွမ်းတံတွေးထွေးလိုက်တာ ထိုင်းစည်ပင်က ဖမ်းမိလို့ ဘတ်ငွေ ၂၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။

ဒီသတင်းဟာ ထိုင်းသတင်းစာမျက်နှာများနဲ့ ဖေ့စ်ဘုတ်စာမျက်နှာများပေါ်မှာ စည်းကမ်းမရှိတဲ့ မြန်မာလူမျိုးဆိုပြီး တဟုန်ထိုး နာမည်ကြီးလာပါတယ်။

စည်းမဲ့ကမ်းမဲ့လူတစ်ဦးကြောင့် မိမိတို့မြန်မာလူမျိုးများ သိက္ခာကျဆင်းခဲ့ရပါပြီ။တစ်ဆက်တည်းမှာပဲ ဆက်စပ်တဲ့သတင်းတစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ

ဖေ့စ်ဘုတ်စတင်နာမည်ကြီးလာတဲ့အချိန်ကပါ။ အမေရိကန်နိုင်ငံမှ အများပြည်သူအတွက် ဖွင့်လစ်ထားတဲ့ ဆိုင်ကြီးတစ်ခုမှာ ” မြန်မာများ မလာရ” ဆိုပြီး ဆိုင်းဘုတ်တစ်ခု ရေးထားပါတယ်။

အဲဒီဆိုင်းဘုတ်ကိုမြင်ရတော့ မြန်မာတွေက ဒေါသထွက်ကြပြီး ဒါလူ့အခွင့်အရေးချိုးဖောက်တာပဲဆိုပြီး ဆိုင်ရှင်နဲ့ ရှင်းကြပါတယ်။ အရင်းစစ်ကြည့်လိုက်တော့ အဲဒီဆိုင်းဘုတ်ကို ရေးတင်ထားသူဟာ ဆိုင်ရဲ့သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ဖြစ်နေပါတယ်။

ဘာ့ကြောင့်ဒီလိုရေးရသလဲလို့မေးလိုုက်တော့ အိမ်သာ၊ ရေးချိုးခန်း၊ အမှိုက်ပုံတို့မှာ တံထွေးအနီရောင်တွေ မကြာခဏပေကျံနေလို့ ဘယ်သူလုပ်တာလဲ စောင့်ကြည့်တော့ မြန်မာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

တစ်ဦးတည်းတစ်ယောက်တည်းမကပဲ မြန်မာအတော်တော်များများက ဒီလိုထွေးနေတာကို တွေ့ခဲ့ရလို့ မြန်မာလူမျိုးတွေ စည်းကမ်းမရှိလို့ မလာအောင် ရေးလိုက်တာတဲ့။

ကဲ အခုတော့ ကမ္ဘာ့အလယ်မှာ မြန်မာတွေဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတဲ့အဖြစ်မျိုး ကြုံခဲ့ရပြီလေ။ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ။

မြန်မာလူမျိုးများ ရောက်တဲ့နေရာတိုင်းမှာ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ကိုယ် နေထိုင်နိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

Loading...