Loading...
နားတဲ့အထိ အကယ်ဒမီ မရခဲ့ပေမယ့် မခံစားရပါဘူးဆိုတဲ့ ဇာတ်ပို့ အေးအေးမြင့်
Loading...
ခရက်ဒစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
အနုပညာလောကမှာ နှစ်ပေါင်း (၅၀)နီးပါး လုပ်ဆောင်ခဲ့ပေမယ့် အကယ်ဒမီဆု တစ်ဆုမှ မရရှိခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်အေးအေးမြင့်က
လက်ရှှိမှာတော့ အရိုးပြား ဝေဒနာကြောင့် ဇာတ်ကားတွေ မရိုက်နိုင်တော့ဘူးလို့ သိရပါတယ်။ “ရုပ်ရှင်မရိုက်တာ (၃)နှစ်လောက် ရှိသွားပြီ။
အသက်လည်း ကြီးပြီဆိုတော့ ဘုရားတရားပဲ အားထုတ်ဖြစ်တယ်။ အမေက အရိုးတွေ မကောင်းတော့ဘူး။ အဲ့တာကြောင့်ပဲ နားလိုက်တာ။
“ကိုကို့ညီမ” ၊ “ရင်ထဲက ဆောင်းရာသီ ” အဲ့ဇာတ်ကား နှစ်ကားက အကယ်ဒမီ ချိန်ခဲ့ရတယ်။ တော်တော်ကို ရင်ခုန်ခဲ့ရပါတယ်။
ရမယ်လို့လည်း မှန်းထားခဲ့တယ်။ မရတော့လည်း ရင်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး။ ကိုယ်မရထိုက်လို့ ကိုယ်ကံမရှိလို့ မရထိုက်တာပဲ
ဆိုပြီးတော့ စိတ်ထဲမှာ အောက်မေ့တယ်။ ကိုကို့ညီမ ဇာတ်ကားတုန်းကဆိုရင် ကိုကျော်ဟိန်းက အမေ အကယ်ဒမီ ရရမှာ။ မရလို့ သူတောင်
မကျေနပ်ဘူးဖြစ်နေတာ။ နိုင်ငံတော် ပေးတဲ့ အကယ်ဒမီကို မရပေမယ့် ပြည်သူတွေ ပေးတဲ့ အကယ်ဒမီကိုတော့ အပြည့်အ၀ ရပါတယ်။
ပခုက္ကူ စစ်တပ်တစ်တပ်လုံးဆိုရင် အန်တီ အကယ်ဒမီရရင် တပ်တစ်တပ်လုံး ဆင်းလာမှာတဲ့ အဲ့ဒီလောက် ကြိုက်ကြတာ” လို့ သူမကပြောပြပါတယ်။
ခရက်ဒစ်
Loading...