Loading...

မိန်းကလေးတစ်ဦးအား ပုခုံးအတင်းဖက်၍ ပါးအား နမ်းခဲ့သူကို ဖမ်းဆီးအရေးယူ

Loading...




ထို့အပြင် စိုးမိုးနိုင် သည် ၎င်းနေ့ ည (၁၀)နာရီ အချိန်ခန့်တွင် ဘုံကထိန်ပွဲတွင် ဆိုင်းပွဲအား အတူ လာရောက်ကြည့်ရှုသူ ညီအမ (၂)ဦးအနက် အသက် (၁၈)နှစ်ရှိ အမဖြစ်သူအား ပုခုံးအား အတင်းဖက်၍ ပါးအား နမ်းခဲ့ကြောင်း သိရှိရသဖြင့် အုတ်တွင်း မြို့မရဲစခန်း (ပ) (ပ)၄၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄ (ကာအိနြေ္ဒပျက်စီး စေမှု) ဖြင့် ထပ်မံ အမှုဖွင့်ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည် ။


( Unicode )

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့် နယ်မြေလုံခြုံရေးတို့ အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၈-၁၁-၂၀၁၉ ရက်နေ့ ၈-၁၁-၂၀၁၉ ရက်နေ့ ည (၁၁)နာရီခွဲအချိန်ခန့်

အုတ်တွင်းမြို့နယ်၊ အုန်းပင် ကျေးရွာတွင် ကျင်းပ ပြုလုပ်သော ဘုံကထိန်ပွဲတွင် အုတ်တွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် စိုးမိုးနိုင် (၂၉) နှစ် အုန်းပင်ကျေးရွာ၊ အုတ်တွင်းမြို့ နယ်နေသူအား

အရိုး(၇)လက်မ၊ အသွား (၁)ပေခွဲ ခန့်ရှိ ဓါးဦးချွန်ငှက်ကြီးတောင် ဓါးအား ကိုင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အုတ်တွင်းမြို့မရဲစခန်း(ပ) ၄၁၂/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ခဲ့ပါသည် ။

ထို့အပြင် စိုးမိုးနိုင် သည် ၎င်းနေ့ ည (၁၀)နာရီ အချိန်ခန့်တွင် ဘုံကထိန်ပွဲတွင် ဆိုင်းပွဲအား အတူ လာရောက်ကြည့်ရှုသူ ညီအမ (၂)ဦးအနက် အသက် (၁၈)နှစ်ရှိ အမဖြစ်သူအား ပုခုံးအား အတင်းဖက်၍ ပါးအား နမ်းခဲ့ကြောင်း သိရှိရသဖြင့် အုတ်တွင်း မြို့မရဲစခန်း (ပ) (ပ)၄၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄ (ကာအိန္ဒြေပျက်စီး စေမှု) ဖြင့် ထပ်မံ အမှုဖွင့်ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည် ။

Bago Regional Police Force

Loading...