Loading...

“အသက္(၄၅)ႏွစ္ရွိၿပီျဖစ္ေပမယ့္ ဆံပင္တစ္ပင္မွ မျဖဴေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္ကိုေျပာျပခဲ့တဲ့ နႏၵာလႈိင္”

Loading...

တစ္ေခတ္တစ္ခါက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသမီးေခ်ာတစ္ေယာက္ျဖစ္တဲ့ နႏၵာလႈိင္ကေတာ့ ႏုပ်ိဳျခင္းရဲ႕လ်ိဳ႕ဝွက္ခ်က္ကို ဖြင့္ဟခဲ့တာပဲျဖစ္ပါတယ္။ ျပစ္မ်ိဳးမွဲ႔မထင္အလွမ်ိဳးပိုင္ဆိုင္ခဲ့တာေၾကာင့္ မင္းသမီးေတြထဲမွာ အလွဆုံးလို႔ေတာင္ မွတ္ခ်က္ေပးခံခဲ့ရတဲ့အထိ ေက်ာ္ၾကားခဲ့သူလည္းျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ အလွမ္းေဝးခဲ့တာျဖစ္ေပမယ့္ ယေန႔တိုင္ အမာခံပရိသတ္ေတြရဲ႕အားေပးျခင္းခံေနရသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

မိသားစုကို အခ်ိန္ေပးႏိုင္ဖို႔အတြက္ အႏုပညာအလုပ္ကို စြန႔္လႊတ္ခဲ့တာျဖစ္ၿပီး Missha အလွကုန္ကို တင္သြင္းျဖန႔္ခ်ီေနတာလည္းျဖစ္ပါတယ္။ လက္ရွိမွာ ေဇဝတီလႈိင္၊ ေဇရတီလႈိင္၊ ေဇမဒီလႈိင္ဆိုတဲ့ သမီးေလးသုံးေယာက္ထြန္းကားခဲ့ၿပီျဖစ္ၿပီး အရင္လိုလွပဲႏုပ်ိဳေနဆဲျဖစ္တာေၾကာင့္ အမ်ားတကာအားက်ေနရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ လူမႈကြန္ရက္မွာ တေန႔တာအေၾကာင္းအရာေလးေတြကို ပရိသတ္ေတြကို မွ်ေဝေပးေလ့ရွိတဲ့နႏၵာလႈိင္ဟာ အသက္(၄၅)ႏွစ္ ရွိၿပီျဖစ္ေပမယ့္ ဆံပင္တစ္ပင္မွ မျဖဴေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့တာျဖစ္ပါတယ္။

သူရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာေတာ့ “ကြၽန္မအသက္(၄၅) ဆံပင္တစ္ပင္မွမျဖဴေသးဘူး။အဲ့ဒါ ဘာေၾကာင့္လဲ သိလား? အေျဖကို ကြန္မန႔္မွာေရးထားမယ္ေနာ္”လို႔ေရးထားခဲ့တာျဖစ္ၿပီး ကြန္မန႔္ထဲမွာေတာ့ “ေခါင္းေျခာက္စရာဆို ေယာက်္ားကိုေပးစဥ္းစားလိုက္တယ္ေလ…အဲ့ဒါေၾကာင့္ သူကတစ္ေခါင္းလုံးျဖဴၿပီး ကိုယ္မျဖဴတာ” ဆိုၿပီး အ႐ႊန္းေဖာက္ေျဖၾကားခဲ့တာျဖစ္ပါတယ္။ နႏၵာလႈိင္ရဲ႕အေျဖကိုေတာ့ ပရိသတ္ေတြက သေဘာက်ႏွစ္ၿခိဳက္ေနက်တာျဖစ္ပါတယ္။.

Source – Nandar Hlaing,CRD-Rainbow : Cele Gabar

UNICODE

“အသက်(၄၅)နှစ်ရှိပြီဖြစ်ပေမယ့် ဆံပင်တစ်ပင်မှ မဖြူသေးတဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တဲ့ နန္ဒာလှိုင်”
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ နုပျိုခြင်းရဲ့လျို့ဝှက်ချက်ကို ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင်အလှမျိုးပိုင်ဆိုင်ခဲ့တာကြောင့် မင်းသမီးတွေထဲမှာ အလှဆုံးလို့တောင် မှတ်ချက်ပေးခံခဲ့ရတဲ့အထိ ကျော်ကြားခဲ့သူလည်းဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တာဖြစ်ပေမယ့် ယနေ့တိုင် အမာခံပရိသတ်တွေရဲ့အားပေးခြင်းခံနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

မိသားစုကို အချိန်ပေးနိုင်ဖို့အတွက် အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပြီး Missha အလှကုန်ကို တင်သွင်းဖြန့်ချီနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေးသုံးယောက်ထွန်းကားခဲ့ပြီဖြစ်ပြီး အရင်လိုလှပဲနုပျိုနေဆဲဖြစ်တာကြောင့် အများတကာအားကျနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လူမှုကွန်ရက်မှာ တနေ့တာအကြောင်းအရာလေးတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိတဲ့နန္ဒာလှိုင်ဟာ အသက်(၄၅)နှစ် ရှိပြီဖြစ်ပေမယ့် ဆံပင်တစ်ပင်မှ မဖြူသေးတဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာတော့ “ကျွန်မအသက်(၄၅) ဆံပင်တစ်ပင်မှမဖြူသေးဘူး။အဲ့ဒါ ဘာကြောင့်လဲ သိလား? အဖြေကို ကွန်မန့်မှာရေးထားမယ်နော်”လို့ရေးထားခဲ့တာဖြစ်ပြီး ကွန်မန့်ထဲမှာတော့ “ခေါင်းခြောက်စရာဆို ယောကျ်ားကိုပေးစဉ်းစားလိုက်တယ်လေ…အဲ့ဒါကြောင့် သူကတစ်ခေါင်းလုံးဖြူပြီး ကိုယ်မဖြူတာ” ဆိုပြီး အရွှန်းဖောက်ဖြေကြားခဲ့တာဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့အဖြေကိုတော့ ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကျတာဖြစ်ပါတယ်။.

Loading...