Loading...

အင္ဒုိနီးရွားမွာေတာက္ပမယ့္ၾကယ္တစ္ပြင့္ ႏွင့္ သားအတြက္ က်တဲ့မ်က္ရည္

Loading...

သားေရ….

အေမတို႔ဘဝရဲ႕ျဖစ္တည္မႈေလးဟာ အလြန္တရာမွကို ဆန္းက်ယ္ခဲ့ရတယ္။ကမ႓ာမွာ အစၥလာမ္ဘာသာဝင္ေတြအမ်ားဆုံးဟု ဂုဏ္ယူေလ့ရွိတဲ့ႏိုင္ငံမွာလူသားအျဖစ္ ရပ္တည္ခဲ့ရတယ္ေနာ္။

စာေပက်မ္းဂန္မ်ားအရ အေမတို႔ရဲ႕ေနရာေလးဟာ ပဋိ႐ူပေဒသဝါသဆိုတဲ့ေနရာေဒသထဲမွာ မပါခဲ့ေပမယ့္လဲသားနဲ႔အေမတို႔ရဲ႕ ဗုဒၶဘာသာေရစက္ကအထုံပါရမီလႊမ္းျခဳံခဲ့ေလေတာ့ဗုဒၶဓမၼအေငြ႕အသက္ေတြက သားနဲ႔အေမရင္မွာ ကိန္းေအာင္ေနခဲ့။

သားနဲ႔ အေမ ျမန္မာျပည္ကို အတူလာၿပီး တရားရိပ္သာဝင္ေတာ့ ေပ်ာ္ေနတဲ့သားက ကိုရင္ဝတ္ႏွင့္ အၿမဲေနခ်င္တယ္ေျပာေတာ့ ေမေမမွာ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရတာေပါ့။

မိဘေမတၱာႏွင့္ သဒၶါတရားတို႔ လြန္ဆြဲပြဲမွာ သဒၶါတရားဘက္က အႏိုင္ရသြားခဲ့တယ္။

အေမ သားကို ျမစၾကၤာေက်ာင္းမွာအပ္ခဲ့ၿပီး ျပန္အလာေလယာဥ္ေပၚမွာ ေမေမငိုခဲ့ရေသး။ ဒါေပမယ့္ အဲဒီတုန္းကက်ခဲ့တဲ့ မ်က္ရည္ႏွင့္ ခု က်ေနတဲ့မ်က္ရည္ေတြဟာ မတူပါဘူးသား။

အေမတစ္ေယာက္ သားကိုခ်န္ထားခဲ့ရလို႔ ေၾကကြဲမ်က္ရည္ႏွင့္ ခုသားေလးေအာင္ျမင္လို႔ က်ေနတဲ့မ်က္ရည္က ပီတိမ်က္ရည္ေတြပါ။

ဘာေၾကာင့္လဲလို႔ သားမေမးေတာ့ဘူးလား?

အေမ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ရလို႔လား? No

ဘီလ်ံနာသူေဌးမ စာရင္းဝင္လို႔လား? No။

မဟုတ္ရပါဘူးသားရယ္ ဒါေတြက ေမေမရဲ႕အျဖစ္ခ်င္ဆုံးအိမ္မက္ေတြ မဟုတ္ပါဘူးသား။

@သားေလးရဲ႕ ခက္ခက္ခဲခဲ ေအာင္ျမင္ခဲ့ရတဲ့ သာမေဏေက်ာ္အလကၤာရဘြဲ႕ရတာရယ္၊

@သားရဲ႕ စာသင္.စာခ်ဆရာေတာ္ေတြကို ဗုဒၶဘာသာႏွင့္ဆန္႔က်င္ဘက္အသြင္ရွိတဲ့ ႏိုင္ငံသို႔ ပင့္ေဆာင္ပူေဇာ္ခြင့္ရခဲ့လို႔ေပါ့။

အင္ဒိုသာမေဏေက်ာ္ရဲ႕မိခင္ေနရာမွာ စိတ္ကူးပုံေဖာ္ ေရးဖြဲ႕ပါသည္။

အလကၤာရပူေဇာ္ပြဲ အမွတ္တရအေနနဲ႔ပါငယ္ခ်င္း။

(ပညာစက္ဝန္း) ၈:၃၆။၃၀၊၁။၂၀၁၈။

( Unicode )

သားရေ….

အမေတို့ဘဝရဲ့ဖြစ်တည်မှုလေးဟာ အလွန်တရာမှကို ဆန်းကျယ်ခဲ့ရတယ်။ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်တွေအများဆုံးဟု ဂုဏ်ယူလေ့ရှိတဲ့နိုင်ငံမှာလူသားအဖြစ် ရပ်တည်ခဲ့ရတယ်နော်။

စာပေကျမ်းဂန်များအရ အမေတို့ရဲ့နေရာလေးဟာ ပဋိရူပဒေသဝါသဆိုတဲ့နေရာဒေသထဲမှာ မပါခဲ့ပေမယ့်လဲသားနဲ့အမေတို့ရဲ့ ဗုဒ္ဓဘာသာရေစက်ကအထုံပါရမီလွှမ်းခြုံခဲ့လေတော့ဗုဒ္ဓဓမ္မအငွေ့အသက်တွေက သားနဲ့အမေရင်မှာ ကိန်းအောင်နေခဲ့။

သားနဲ့ အမေ မြန်မာပြည်ကို အတူလာပြီး တရားရိပ်သာဝင်တော့ ပျော်နေတဲ့သားက ကိုရင်ဝတ်နှင့် အမြဲနေချင်တယ်ပြောတော့ မေမေမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတာပေါ့။

မိဘမေတ္တာနှင့် သဒ္ဓါတရားတို့ လွန်ဆွဲပွဲမှာ သဒ္ဓါတရားဘက်က အနိုင်ရသွားခဲ့တယ်။

အမေ သားကို မြစင်္ကြာကျောင်းမှာအပ်ခဲ့ပြီး ပြန်အလာလေယာဉ်ပေါ်မှာ မေမေငိုခဲ့ရသေး။ ဒါပေမယ့် အဲဒီတုန်းကကျခဲ့တဲ့ မျက်ရည်နှင့် ခု ကျနေတဲ့မျက်ရည်တွေဟာ မတူပါဘူးသား။

အမေတစ်ယောက် သားကိုချန်ထားခဲ့ရလို့ ကြေကွဲမျက်ရည်နှင့် ခုသားလေးအောင်မြင်လို့ ကျနေတဲ့မျက်ရည်က ပီတိမျက်ရည်တွေပါ။

ဘာကြောင့်လဲလို့ သားမမေးတော့ဘူးလား?

အမေ ငြိမ်းချမ်းရေးနိုဘယ်ဆု ရလို့လား? No

ဘီလျံနာသူဌေးမ စာရင်းဝင်လို့လား? No။

မဟုတ်ရပါဘူးသားရယ် ဒါတွေက မေမေရဲ့အဖြစ်ချင်ဆုံးအိမ်မက်တွေ မဟုတ်ပါဘူးသား။

@သားလေးရဲ့ ခက်ခက်ခဲခဲ အောင်မြင်ခဲ့ရတဲ့ သာမဏေကျော်အလင်္ကာရဘွဲ့ရတာရယ်၊

@သားရဲ့ စာသင်.စာချဆရာတော်တွေကို ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်ဘက်အသွင်ရှိတဲ့ နိုင်ငံသို့ ပင့်ဆောင်ပူဇော်ခွင့်ရခဲ့လို့ပေါ့။

အင်ဒိုသာမဏေကျော်ရဲ့မိခင်နေရာမှာ စိတ်ကူးပုံဖော် ရေးဖွဲ့ပါသည်။

အလင်္ကာရပူဇော်ပွဲ အမှတ်တရအနေနဲ့ပါငယ်ချင်း။

(ပညာစက်ဝန်း) ၈:၃၆။၃၀၊၁။၂၀၁၈။

Loading...