Loading...


Loading...








Mabuk Ketum…

😱😱😱Wtf…

Posted by 我们是马来西亚人 We are Malaysians on Wednesday, November 6, 2019

Jasmine Mckzone Daily

Unicode

အမြန်လမ်းမပေါ်မှာ ခြေထောက်နဲ့သာ စီယာတိုင်ကိုထိန်းပြီး Bus ကားကိုမောင်းနှင်နေတဲ့ကားဆရာ(ရုပ်သံ)

တစ်ခါတစ်လေ bus ကားတွေစီးရင် ကိုယ့်အသက်ကိုလောင်ကြေးတင်ထားရသလိုပါပဲ ။ ခရီးသည်တွေများများရဖို့ အလျင်အမြန်မောင်းရတာနဲ့ ၊ ငါးပိသိပ်ထားသလို ကျပ်ညှပ်နေအောင်စီးနေရတာနဲ့ စသဖြင့်ပေါ့ ။

သို့ပေမဲ့လည်း ခေတ်ကာလအရ တိုးတက်လားတဲ့နည်းပညာတွေကြောင်း Bus ကားဆရာက မှားယွင်းခဲ့မယ်ဆိုရင် သူ့ရဲ့အပြစ်တွေကိုချပြပြီး တာဝန်ရှိသူတွေကို တိုင်ကြားလို့ကနေပါပြီ ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံကလို့ ယူဆရတဲ့ ကားဆရာဟာ bus ကားရဲ့စီယာတိုင်ကို ခြေထောက်နဲ့သာထိုင်မောင်းနေပြီး သီချင်းအသံအကျယ်ကြီးဖွင့်ကာ ကခုန်နေပြီး ကားမောင်းနေခဲ့လို့ သူ့ရဲ့video ကိုအတော်လေး လူကြည့်များနေပြီး ဝေဖန်မှုမျိုးစုံရရှိနေလျက်ရှိပါတယ်။

Video ရဲ့အစပိုင်းမှာတော့ bus ကာဆရာဟာ အနောက်ဖက်ထိုင်ခုံရှိ ဦးခေါင်းဖက်နားမှာ ထိုင်နေခဲ့ပြီး လက်ထဲမှာလည်း ဆေးလိပ်ကို ကိုင်ထားပြီး ဆေးလိပ်သောက်နေခဲ့တဲ့အပြင် ခြေထောက်နှင့်သာစီယာတိုင်ကို ထိန်းမောင်းပြီး အမြန်လမ်းမပေါ်မှာ အရှိန်နှင့်မောင်းနှင်နေခဲ့ပါတယ် ။

ထို့နောက် ထိုင်နေရာမှ မတ်တပ်ရပ်လာခဲ့ပြီး ညာဖက်ခြေထောက်နှင့်သာ ကားကိုထိန်းမောင်းပြီး လက်မှာလည်းဂစ်တာတီးနေဟန်ဖြင့် သံစဉ်နောက်လိုက်ကာကနေခဲ့ပါတယ် ။ အဆိုပါ Video ကိုတော့ ဘေးကနေလိုက်စီးနေခဲ့တဲ့ ခရီးသည်တစ်ဦးက ရိုက်ကူးပေးခဲ့ပုံရပါတယ် ။

အဆိုပါ Video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများက ကိုယ့်အသက်ကိုလောင်ကြေးထားပြီး အတော်လေးကိုမူးရူးပြီး ၊ ကြွလွန်းတဲ့ကားဆရာ ဆိုပြီး မျိုးစုံပြောဆိုဝေဖန်ခဲ့ကြပါတယ် ။

ထို့အပြင် အချို့ကလည်း အဆိုပါအဖြစ်အပျက်ဟာ အင်ဒိုနီးရှား နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

Jasmine Mckzone Daily

Loading...