Facebook ပေါ်မှာ လုံး၀ မတင်သင့်တဲ့ အကြောင်းအရာများ

တစ်နေ့တစ်နေ့လူတွေ ဖေ့ဘုတ်ပေါ်မှာ အခြားဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်အကြောင်းအရာ အစုံအစကို ဝေမျှနေကြတာကိုသင်မြင်မှာပါ။တစ်ချို့အကြောင်းအရာတွေကတော့ ဘာမှမဖြစ်ပေမယ့် တစ်ချို့လူမသိသင့်တဲ့အကြောင်းအရာတွေဝေမျှမိရင်တော့ သင့်ခေါင်းခဲစရာတွေဖြစ်လာနိုင်ပါတယ်။

လူမသိသင့်တဲ့အကြောင်းအရာတွေကဘာတွေလဲဆိုတော့….

၁ -ကိုယ်နဲ့ကိုယ်ချစ်သူကြားပတ်သတ်မှုအသေးစိတ်

ကိုယ့်အိပ်ခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူမှသိဖို့မလိုပါဘူး ။အခြားလူတွေမသိသင့်တဲ့ သင့်တို့ကြားကအကြောင်းအရာတစ်ခု ပေါက်ကြားသွားတဲ့အခါမှာတော့ သင့်ချစ်သူရဲ့ယုံကြည်မှုနဲ့တန်ဖိုးထားမှုကိုဆုံးရှုံးရပါလိမ့်မယ်။

၂- အနမ်း Selfies

ဒါဟာ ကိုယ့်ရဲ့ တွဲဖက်မရှိတဲ့သူငယ်ချင်းကို စော်ကားရာရောက်ပါတယ်။ထို့အပြင် သင့်ဆွေမျိုးအသိုင်းဝိုင်းကလည်း သင်တို့နမ်းနေတဲ့ပုံကိုကြည့်ချင်မှာမဟုတ်ပါဘူး။

၃- အသုဘ Selfies

ချိန်နဲ့ နေရာကို သဘောပေါက်သင့်ပါတယ် ။လူတိုင်းဝမ်းနည်းပူဆွေးနေတဲ့နေရာမျိုးမှာ ဖုန်းတရမ်းရမ်းနဲ့ Selfies ဆွဲနေတာမျိုးဟာ အလွန်ရုပ်ဆိုးလွန်းပါတယ်။ထို့အပြင် ဒီပုံကို ဆိုရှယ်မီဒီယာပေါ်က သင့်မိတ်ဆွေတွေကိုလည်း သဘောကျမှာမဟုတ်ပါဘူး

၄-တရားမဝင်အပြုအမူများ

မူးပြီးမောင်းတာမျိုး ၊ ဟိုင်းဝေးလမ်းပေါ်မှာ Selfie ဆွဲနေတဲ့ပုံမျိုး ၊ တရားမဝင်လက်နက်ကိုင်ထားတဲ့ ဓါတ်ပုံမျိုးကို သင်အွန်လိုင်းပေါ်တင်မယ်ဆိုရင်တော့ အဖမ်းခံမှာသေချာသလောက်ဖြစ်သွားပါပြီ။ရဲတွေက ဆိုရှယ်မီဒီယာတွေကို စောင့်ကြည့်နေတယ်ဆိုတာကို သတိထားပါ။

၅- အပြုသဘော ကောမက်များ

ဟာသတစ်ခုအနေနဲ့ မန့်လိုက်တဲ့ကောမက်ပဲဖြစ်ပါစေ လူတစ်ယောက်ကို စော်ကားသလိုဖြစ်သွားရင်တော့ သင့်အနေနဲ့ ဥပဒေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။နိုင်ငံရေး ၊ လူမျိုးရေး နဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ပို့စ်တွေအောက်မှာဆိုရင် အပြောင်အပျက်နဲ့ မန့်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။

၆- အလုပ်အကြောင်းငူစူခြင်း

အွန်လိုင်းပေါ်မှာ အလုပ်အကြောင်း ငူစူအပြစ်တင်ဟာ ကောင်းတဲ့အချက်မဟုတ်ပါဘူး။သင့် ဘော့စ်က သင့်ပို့စ်ကိုမြင်သွားခဲ့ရင် နောက်နေ့အလုပ်တက်တဲ့အခါသင်ဒုက္ခကောင်းကောင်းရောက်မှာသေချာပါတယ်။အဲ့ဒီအစား သူငယ်ချင်းတွေနဲ့အတူသောက်စားပြီးရင်ဖွင့်တာအကောင်းဆုံးပါပဲ။

၇- သင့်တည်နေရာ

ကိုယ့်တည်နေရာကို အွန်လိုင်းပေါ်မှာမရှဲသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ သင့်ကို ဖမ်းပြီးပြန်ပေးဆွဲမယ့်သူတွေလည်း အွန်လိုင်းပေါ်ကနေ စောင့်ကြည့်နေနိုင်လို့ပါပဲ။

၈- အားလပ်ရက်ခရီးစဉ်အကြောင်း

ဘယ်နေ့တော့ ခရီးထွက်မယ်ဟေ့ လို့ အွန်လိုင်းပေါ်မှာ ကြေငြာတာဟာ သူခိုးတွေကို အဲ့ဒီနေ့တော့ အိမ်မှာဘယ်သူမှမရှိဘူးဟေ့လို့သတင်းပေးတာနဲ့အတူတူပါပဲ။ဒီတော့ ခရီးကပြန်လာတဲ့အချိန်မှသာ ဓါတ်ပုံလေးတွေကို တင်ရင်း သူငယ်ချင်းတွေကိုကြွားတာမျိုးပြုလုပ်သင့်ပါတယ်။

၉- ကိုယ်ရေးအချက်အလက်များ

ကားလိုင်စင် ၊ ပက်စ်ပို့စ် ၊နိုင်ငံသား ကဒ် အစရှိတဲ့အရာတွေကို အွန်လိုင်းပေါ်မှာ ရှဲခြင်းဟာ အလွန်အန္တရာယ်များပါတယ်။သင့်ရဲ့အချက်အလက်တွေကိုအသုံးချပြီး သင့်အယောင်ဆောင်ကာမဟုတ်တာလုပ်သွားခဲ့ရင် သင်ပြဿနာအကြီးအကျယ်တက်သွားနိုင်ပါတယ်။

၁၀- ငွေရေးကြေးရေးအချက်အလက်များ

ဘဏ်အကောင့် ၊ ဗီဇာကဒ် အစရှိတဲ့ ကဒ်နံပတ်တွေကို အွန်လိုင်းပေါ်မှာ တင်လိုက်မယ်ဆိုရင်တော့ သင်ဟာ သင့်ဘဏ်တိုက်ကိုဖွင့်ပေးလိုက်သလိုပါပဲ။ဘာကြောင့်လဲဆိုတော့ အွန်လိုင်းပေါ်မှာ ကျက်စားနေကြတဲ့ ဟက်ကာတွေသန်းချီရှိနေပြီး သူတို့ဟာ သင့်အချက်အလက်အနည်းငယ်ရရုံနဲ့ သင့်အကောင့်ကိုဖောက်ထွင်းနိုင်တဲ့ သူတွေဖြစ်ပါတယ်။

ဒီတော့ ငွေရေးကြေးရေးနဲ့ပတ်သတ်တဲ့မည်သည့်အချက်အလက်ကိုမှ အွန်လိုင်းပေါ်မတင်တာအကောင်းဆုံးပါပဲ။

Writer – Min Thu ( XYZ News )